မြန်မာနိုင်ငံသို့လာရောက်လည်ပတ်နေသည့် ရုရှား Bloggers အဖွဲ့အား  ဗိုလ်ချုပ်ဇော်မင်းထွန်းက ညစာဖြင့် တည်ခင်းဧည့်ခံ

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ  မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ရုရှား Bloggers အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ရုရှား Bloggers အဖွဲ့တွင် ရုရှားနိုင်ငံမှ ရုပ်ရှင်၊ ဂီတ၊ ဒီဇိုင်နာ၊ ပန်းချီနှင့် မီဒီယာပညာရှင်များပါဝင်ပြီး မြန်မာနိုင်ငံသို့ ဧပြီ ၁၂ ရက်တွင် စတင် ရောက်ရှိခဲ့ကာ နိုင်ငံအတွင်းရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင် စသည့် မြို့များရှိအထင် ကရနေများအား လေ့လာကြည့်ရှုခြင်း၊ မြန်မာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သွားရောက်ခဲ့ သည့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် အတာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲခဲ့မှုများကို ၎င်းတို့နိုင်ငံရှိ Online Website များ၌ လွှင့်တင်ခြင်းများနှင့် ထုတ်လွှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ အစားအသောက်များ၊ မြန်မာနိုင်ငံ၏ ရှုခင်းအလှအပများကို ရုရှားပြည်သူ များ ပိုမိုသိရှိလာနိုင်မည်ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ရုရှား Bloggers အဖွဲ့ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုသာမက ပြည်သူများ အကြားချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုး တက်ခိုင်မာ စေမည်ဖြစ်သကဲ့သို့ ခရီးသွား လုပ်ငန်းများ တိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်တယ်လို့သိရပါတယ်။