မကြီးကန်ရွာနှင့် ကန်ကြီးရွာ တို့အတွင်း PDF အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ခဲယမ်း၊ ဗုံးသီးများသိမ်းဆည်းရမိ

 မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ၎င်းတို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိုဝှက်ထားရှိကြောင်း အကြမ်းဖက်မှု ကို မလိုလားသည့် တာဝန်သိဒေသခံများ ကျေးရွာသူ၊ ကျေးရွာသားများ၏ သတင်းပေးပို့မှု အရ ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ၌ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂၀ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ခေတ္တထိန်း သိမ်းထားရှိခဲ့ပြီး မကြီးကန်ကျေးရွာ၊ ကျေးလက်ဆေးပေးခန်း အတွင်းမှ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံး သီး ၃ လုံး၊ ကျည်မျိုးစုံ ၇၈၀ တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများ အပါအဝင် ယူနီဖောင်းမျိုးစုံ ၅၃ စုံ၊  ကျည်ကာအင်္ကျီ ၂ ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခို ကျင်း ၁ ခု၊ မော်တော်ယာဉ်မျိုးစုံ ၃ စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ ၅ စီး တို့ကို သိမ်း ဆည်းရမိခဲ့တယ်လို့သိရပါတယ်။