ပငရွာ ရေကစားမဏ္ဍပ်အား  ဖောက်ခွဲဖျက်ဆီး ရန် ပြုလုပ်ခဲ့သူများအားဖမ်းဆီးရမိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံး ဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိ ချနေလား ၏ စေခိုင်းချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာနေ အာကာမင်း နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်နေ အောင်မျိုးထက် တို့ ၂ ဦးသည် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန် အတွက် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ပြီး ရေကစားမဏ္ဍပ် အနီး၌ အခြေအနေ စောင့်ကြည့်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အာကာမင်း က လက်ပစ်ဗုံး အား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန်ထုတ်ယူစဉ် လက်ပစ်ဗုံး၏ လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ကျန်ရှိခဲ့သဖြင့် လက်ပစ်ဗုံးကို လမ်းဘေးရေမြောင်း အတွင်းသို့ ထိတ်လန့်စွာဖြင့် လွှင့်ပစ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိကြောင်းသိရပါတယ်။