ကန်-ဆော်ဒီ ရေနံသဘောတူညီချက်ပျက်ပြယ်ပြီး ရုရှားအသာစီးရရှိ

ရေနံတင်ပို့သည့် နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ အဖွဲ့အစည်း (OPEC+) က ရေနံလျှော့ထုတ်ဖို့ ကြေညာလိုက်ကတည်းက အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုတွေ အားနည်းလာနေပြီး နှစ်ဖက်အကြား သဘောထားကွဲပြားမှု ရှိနေ တယ်ဆိုတာသိသာနေပြီးသားဖြစ်ပါတယ်။

ရေနံထုတ်လုပ်မှုလျှော့လိုက်တာက   အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုကို ပိုဆိုး လာစေပြီး ရုရှားနိုင်ငံကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့်ရေနံထုတ်လုပ်သူများက ရေနံလျှော့ထုတ်တာက  ပြီးခဲ့လတွေတုန်းက ရေနံ ဈေးနှုန်းကျခဲ့တာတွေကို တန်ပြန်ထိန်းချုပ်နိုင်ဖို့ အတွက်ရည်ရွယ်ခဲ့တာလို့လည်း ဆိုကြပြန်ပါတယ်။

နောက်ပြီး ရေနံလျှော့ထုတ်တာကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုဖြစ်လာရင် ငွေကြေးဖောင်းပွမှုများ ပိုမိုအားကောင်းလာမယ် နိုင်ငံတွေမှာ အတိုးနှုန်းမြင့်တက်မှု အန္တရာယ်ပိုဖြစ်လာမယ် နောက်ပြီး ကမ္ဘာ့စီးပွားရေးနှေးကွေးမှု(Global Economy Cooling) တွေအထိပါ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။  

လက်ရှိအချိန်မှာတော့ ဆော်ဒီနဲ့ ရုရှားတို့ ဦးဆောင်မှုနဲ့အတူ ကြီးထွားလာတဲ့ OPEC+ အဖွဲ့ဟာ ကမ္ဘာ့ရေနံစျေးနှုန်းတွေကို သတ်မှတ်ပေးနေပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို ပိုမိုအရှိန်မြင့်နေစေပါတယ်။ ကမ္ဘာ့ရေနံစျေးနှုန်းကို အတူတူ ထိန်းညှိပေးနေလို အဲဒီကတဆင့် ရုရှားဟာ ယူကရိန်းစစ်ဆင်ရေးမှာ အသုံးပြုထောက်ပံ့နိုင်မယ့် ရန်ပုံငွေတွေ ရရှိခဲ့တယ်လိုလည်း ဆိုပါတယ်။

Source; Nikkei Asia & Bloomberg