ငါန်းဇွန်းမြို့နယ်တွင် ပြည်သူနှစ်ဦးကို အကြမ်းဖက် PDF များက ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ်၊ကုလကျေးရွာအုပ်စု၊ကုလကျေးရွာမှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး တစ်ဦးနှင့် သာမန်အရပ်သူ တစ်ဦးတို့ကို ယမန်နေ့ ည အကြမ်းဖက်သမား PDF များက ဖမ်းဆီးသွားခဲ့ပြီး နိုဝင်ဘာ ၁၈နံနက်ပိုင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

      ဖြစ်စဥ်မှာ ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် အဆိုပါ ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဆေး ခန်း ၌ တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဒေါ်တိုးတိုးသန်း (ကျေးလက် ကျန်းမာရေးမှူး)၊၃၈နှစ်၊(ဘ)ဦးမြင့်သန်း၊ ၎င်းနှင့်အတူနေသူ မအေးမွန်ကျော်(သာမန်အရပ်သူ)၊၂၅နှစ်၊(ဘ)ဦးမြင့်ကျော်တို့သည် ကျေးလက်ဆေးပေးခန်း၌ရှိနေစဉ် အကြမ်းဖက် PDF(အင်အားစိစစ်ဆဲ) များ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

     ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ဒေါ်တိုးတိုးသန်းနှင့်မအေးမွန်ကျော်တို့ ၂ ဦးအား ကုလကျေးရွာ၏ အရှေ့ဘက် ၃ဖာလုံခန့်အကွာ၊တာဘောင်ပေါ်တွင် ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ် ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သတင်းရရှိပါ သည်။

#PAN