ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး စပိန်စူပါ ကိုပါဖလားကို သိမ်းပိုက်လိုက်တဲ့ ဘာစီလိုနာ

FT: Real Madrid 1-3 Barcelona
Benzema(90+3′) Gavi(Gavi33′)
Lewandowski(45′)
Pedri(69′)

ဒီပွဲစဥ်မှာတော့ ဘာစီလိုနာတို့ ရီးရဲလ်မက်ဒရစ်ကို သိသိသာသာ အသာရခဲ့ပြီး ပထမပိုင်းမှာကတည်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂါဗီနဲ့ ပက်ဒရီတို့ အထူးခြေစွမ်းပြခဲ့သလို တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီးကလည်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးကာ အကောင်းဆုံးပုံစံကို ထိန်းထားနိုင်ဆဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

ရီးရဲလ်အတွက် တစ်လုံးတည်းသော ချေပသွင်းဂိုးကတော့ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ရောက်မှသာ ဘန်ဇီမာက သွင်းယူပေးနိုင်ခဲ့တာပါ။

ဘာစီလိုနာအတွက် ၂၀၂၃ နှစ်ဦးမှာ ဦးဦးဖျားဖျား ဆုဖလားတစ်လုံး ဆုခူးနိုင်ခဲ့တာ ဖြစ်သလို နည်းပြဇာဗီအတွက်လည်း ဘာစီလိုနာနည်းပြဘဝ ပထမဆုံး ဆုဖလားအောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

Congratulations Barcelona 🎉🎉🎉

2022-23 Spain Super Cup Winner

GoalSport