နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နာဂတိုင်းရင်းသူ၊ တိုင်းရင်းသားများက ခမ်ညူငမ်မျိုးနွယ်စု အက၊ လိုင်းနောင်မျိုးနွယ်စု အက၊ မကျန်ပေါင်းညွှမ်မျိုးနွယ်စု အက၊ ကွန်ညှပ်မျိုးနွယ်စု အက၊ ဂုဏ်ဝမ်ပုံညိုမျိုးနွယ်စု အက၊ ပြည်ထောင်စု၏ ထာဝရအလှများ သီချင်းသီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တည်ခင်းဧည့်ခံထားသည့် ရိုးရာအစားအစာများကို သုံးဆောင်ကြသည်။
သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နာဂရိုးရာတိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နို နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲသို့ တက်ရောက်ပြီး လဟယ်မြို့နယ်၊နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးသည်။