မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဘယ်လောက် ချမ်းသာချမ်းသာ
သဒ္ဓါတရား မချမ်းသာရင်
ချမ်းသာစာရင်း မဝင်သေးဘူး။

ဘယ်လောက် လှလှ
စိတ်ထား မလှဘူးဆိုရင်
အလှစာရင်း မဝင်နိုင်သေးဘူး။

ဘယ်လောက် အဆင်ပြေပြေ
စိတ်ချမ်းသာအောင်
မနေတတ်သေးဘူးဆိုရင်
အဆင်မပြေနိုင်သေးပါဘူး ။

ဘယ်လောက် ပြည့်စုံပြည့်စုံ
မရောင့်ရဲတတ်သေးဘူးဆိုရင်
ပြည့်စုံတဲ့စာရင်း မဝင်သေးဘူး ။

ဘယ်လောက် မိတ်ဆွေပေါပေါ
ကုသိုလ်မိတ်ဆွေ မရှိသေးရင်
ကိုယ့်ကိုယ်ကို အားကိုးလို့မရနိုင်ဘူး ။

ဘယ်လောက် အသက်ရှည်ရှည်
တရားအားမထုတ် ရသေးရင်
ဘယ်လိုမှ နေရတာ မမြတ်သေးဘူး ။

🙏🙏🙏သာရ ဂ ဝေ သီ 🙏🙏🙏