မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ရနေလို့လည်း သိပ်မပျော်ပါနဲ့၊
မြဲတဲ့အရာ တစ်ခုမှ မရှိပါဘူး။

မရလို့လည်း ဝမ်းမနည်းပါနဲ့၊
အဆင်မပြေသူတွေ အများကြီး
ရှိတယ်။

ချီးမွမ်းခံရလို့ သိပ်မပျော်ပါနဲ့၊
အောက်ခြေ မလွတ်ဖို့ အရေးကြီး
ပါတယ်။

ကဲ့ရဲ့ခံရလို့ ဝမ်းမနည်းပါနဲ့၊
လမ်းမှန်လျှောက်ဖို့ ဂရုစိုက်ရမယ်။

ချစ်ခင်နေလို့ သိပ်မပျော်ပါနဲ့၊
တနေ့ကျရင် လမ်းခွဲရမယ်။

ခွဲခွာရလို့ ဝမ်းမနည်းပါနဲ့၊
ထာ၀ရဆိုတာ တစ်ခု မှမရှိပါဘူး။

အောင်မြင်နေလို့ သိပ်မပျော်ပါနဲ့၊
ရေရှည်ခံဖို့ ကြိုးစားရမယ်။

ကျရှုံးသွားလို့ ဝမ်းမနည်းပါနဲ့၊
လဲရာနေရာကနေ ပြန်ထရမယ်။

တကယ်တော့ ဘဝဆိုတာ
ပုံသေမရှိပါဘူး။

နိမ့်နိမ့်မြင့်မြင့် တည်ငြိမ်ရမယ်။

ဒါမှအခက်အခဲကို
ကျော်ဖြတ်နိုင်မှာ မဟုတ်ပါလား။

သတ္တဝါခပ်သိမ်း, တရားကိန်း,
အေးငြိမ်းချမ်းသာ ရှိပါစေ။