ပခုက္ကူနယ်တွင် PDF များ၏လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဩဂုတ်လ ၃ ရက် နံနက် ၆ နာရီချိန်ခန့်တွင် ပခုက္ကူမြို့နယ် ဗျင်းရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများမှ တဲအတွင်း သိုဝှက်သိမ်းဆည်းထားသော လက်လုပ် သေနတ် ၃ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ အိုင်ကွန် ၁ လုံး၊ ကီးပက်ဖုန်း ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ ဆိုင်ကယ်မျိုးစုံ ၇ စီး၊ လူနေတဲ ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။