ဒီဇင်ဘာ ၂ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ကယားပြည်နယ် မိုးဗြဲမြို့နယ် ခေါင်မှိုင်းကျေးရွာအနီး နံနက် ၆ နာရီခန့်မှစ၍ ၁၁ နာရီဝန်းကျင် ထိ တပ်မတော်စစ်ကြောင်းနှင့် KNDF+PDF ပူးပေါင်း ၁၂၀ ဦးခန့်တို့ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၂။ ကယားပြည်နယ် လွိုင်ကော်မြို့ယ်အတွင်းရှိ ပွန်ချောင်းစခန်းသို့ နေရာ ၃ နေရာမှ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၇၀ ဦးခန့်က နံနက် ၇ နာရီခွဲချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၃။ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာအုပ်စုအတွင်းရှိ ခမရ(၃၅၅) နှင့် တဆရ(၇)(၂၅) သို့ KNLA တပ်မဟာ ၆၊ ရင်း ၂၈ နှင့် PDF ပူးပေါင်းအင်အား (စိစစ်ဆဲ)အဖွဲ့က နံနက် ၁၀ နာရီခန့်တွင် ဒရုန်းဖြင့် Drop Bomb ချခြင်း၊ လက်ဖြောင်သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ။
၄။ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ သိုင်းငင်းစခန်းသို့ ည ၇ နာရီခန့်တွင် နေရာ ၂ နေရာမှ CDF ၁၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၅။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့၊ ကျောက်စေတီကျောင်းသို့ နံနက် ၈ နာရီခွဲခန့်တွင် KIA နှင့် PDF ပူးပေါင်းအင်အား ၇၀ ဦးခန့်က ဒရုန်း ဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူ့ပစ်ခတ်မှုကြောင့် ကျောက်စေတီကျောင်းဝန်းအတွင်းရှိ စစ်ဘေးရှောင်အရပ်သား မောင်ဝေယံဖြိုး ၁၁ နှစ် ဘယ်ပေါင် ဗုံးသီးအစထိမှန်(အရိုးကျိုး)(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ။

၆။ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာ၊ မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့ ဗုံးသီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက် အပိုင်းအစများ တွေ့ရှိပြီး ပေါက်ကွဲမှုကြောင့် ဘုန်ကြီးကျောင်းရှေ့ ပြတင်းပေါက်မှန် ၅ ချပ်ကွဲအက် ပျက်စီးခဲ့ကြောင်း သိရှိရ။