NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အလေးအနက်ထား စီစဉ်ကျင်းပသွားမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ် လည်နေ့ အခမ်းအနားကို လက်တွေ့ကျကျအဓိ ပ္ပာယ်ရှိရှိအလေးအနက်ထား စီစဉ်ကျင်းပသွားမည်ဟု NCA နှစ်ပတ်လည်အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းကကျင်းပသည့် NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။