ဖယ်ခုံတိုက်ပွဲအတွင်း အင်းလေး PDF တပ်ခွဲမှူးသေဆုံး

Inle PDF အကြမ်းဖက်အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူ ကျော်လွင်မျိုး(ခ)ဝမ်းနှင့် တပ်စိတ်မှူးအဆင့်ရှိသူ ရှိုင်းထက်အောင်(ခ)အယ်မိုက် တို့နှစ်ဦးသည် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း၌ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တပ်မတော်နှင့်အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း လှုမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ပွဲများအတွင်း တပ်မတော်အနေဖြင့် အကြမ်းဖက်သမားတို့၏အလောင်းများ သိမ်းယူနိုင်ခြင်းမရှိခြင်းကြောင့် အကြမ်းဖက်အားပေးမီဒီယာများမှ PDF သေဆုံးမှုများကို ဖုံးကွယ်ရန်အတွက် အမျိုးမျိုးလိုရာဆွဲကာ ပြောကြနေကြပေမယ့် နောက်ဆုံးတော့လည်း အလောင်းတွေက လူမှုစာမျက်နှာများမှာ ပြန်လည်ပေါ်ထွက်လာကြတာပဲ ဖြစ်ပါတယ်။ သူတို့လက်သုံးစကားအရ “မလုပ်နိုင်ရင် တိုးတိုးလေးနေပေးကြပါဆိုတာ တိတ်တိတ်လေးသေသွားတဲ့သူတွေ အရမ်းများနေလို့နေမှာ”