မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ပါစေ🌷

အားကိုးရသူရှိမှ
စိတ်ချမ်းသာပြီးနေတတ်တယ်ဆိုတာ

ကိုယ့်ဘ၀ကို သူများဆီမှာ
အပ်ထား‌ပြီး မှီနေရတဲ့ သဘောပါ ။

အဲ့ဒီသူကများ စိတ်မချမ်းသာရင်
ကိုယ်လည်း အဆင်မပြေတော့ဘူး ။

အဲ့ဒီသူကများ ပျက်စီးရင်
ကိုယ်လည်း မနေတတ်တော့ဘူး ။

သူလှုပ်ရင်ကိုယ်ပါလှုပ်ရတဲ့သဘောမို့
သူများကိုချည်း အားကိုးလို့မရပါဘူး ။

ကိုယ်လုံအောင် စောင့်ရှောက်ထားတဲ့
သက်မဲ့ပစ္စည်းတွေတောင်
အခန့်မသင့်ရင် ကွဲပျောက်ပျက်နိုင်လို့

အသက်ရှိတဲ့ ပြောင်လဲနိုင်တဲ့
လူပုဂ္ဂိုလ်ဆိုရင်
ဘယ်မှာပြောဖွယ်ရာ ရှိမှာလဲနော် ။

ဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုရယ်
ကိုယ့်ရဲ့လွတ်လပ် ပျော်ရွှင်မှုရယ်ကို
ကိုယ်တိုင် ကြိုတင်ရှာဖွေးထားပါ ။

တရားအသိဉာဏ်ရှိတဲ့သူတွေဟာ
ပျက်စီးမှု သင်္ခန်းစာတွေကို ကြည့်ပြီး

ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင်
ပြင်ဆင်ထားတတ်ဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏