မလေးရှားတွင် စစ်ရဟတ်ယာဉ် ၂ စီးတိုက်မိပြီး ၁၀ ဦးသေဆုံး

မလေးရှားတပ်မတော် ရေတပ်နှစ်ပတ်လည်နေ့အတွက် လေ့ကျင့်နေသော ရဟတ်ယာဥ်နှစ်စီးသည် ဧပြီလ ၂၃ ရက် နံနက် ၉း၃၀ နာရီအချိန်က တိုက်မိရာ ရဟတ်ယာဥ်နှစ်စီးလုံးပျက်ကျပြီး လူဆယ်ဦးသေဆုံးခဲ့သည်။

လေ့ကျင့်စဥ် ရဟတ်ယာဥ်တစ်စီးသည် နောက်တစ်စီး၏အမြီးရှိပန်ကာကို ဝင်တိုက်မိခြင်းဖြစ်သည်။ တစ်စီးမှာတောအတွင်းပျက်ကျပြီး တစ်စီးမှာအားကစားကွင်းအတွင်းပျက်ကျခဲ့ကြောင်းသိရှိရသည်။