“ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးတက်မယ့် ခေါင်းဆောင်တွေ ရောက်ရှိ

တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမယ့် နိုင်ငံတကာမှ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ‌ေတွဟာ ဘေဂျင်းမြို့‌ေတာ်သို့ အသီးသီးရောက်ရှိလာကြပြီဖြစ်ပါတယ်။

အဲဒီထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ဘေဂျင်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း၊ နိုင်ငံပေါင်း ၁၄၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်‌ေတွ တက်ရောက်ရန် အတည်ပြုထားပြီး အစည်းအဝေးတက်ရောက်ရန် စာရင်းပေးသွင်းထားသူ ၄,၀၀၀ ကျော် ရှိကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။