ငါးရိုင်းမွေးမြူရေးနှင့်ပတ်သက်သည့် ပြဿနာများ

ငါးရိုင်းမွေးမြူရေး၏ သဘောသဘာဝ

ငါးရိုင်းမွေးမြူရေးပေါ်ပေါက်လာခြင်းမှာ လယ်သမားများသည် ငါးကန်တူးဖော်ခြင်းမဟုတ်ပဲ  စပါးစိုက်ပျိုးသည့် လယ်မြေအတွင်း လယ်လုပ်ကိုင်သူများ အသုံးပြုရန်နှင့် ကျွဲနွားများ သောက်သုံးရန် ရေကန်ငယ် လေးများ တူးဖော်ရာမှ မိုးရာသီ စပါးစိုက်ပျိုးသည့် အချိန်တွင် ထိုရေကန်အတွင်းသို့ လယ်ပတ်ဝန်းကျင်မှ ဒေသတိုင်းရင်း ငါးများဝင်ရောက်လာပါသည်။ ဝင်ရောက်လာသောသဘာဝငါးများကို အစာအနည်းငယ် ကျွေးခြင်းနှင့် ငါးများပြန်မထွက်စေရန်ဆောင်ရွက် ကြရပါသည်။ စပါးရိတ်သိမ်းပြီးသည့်နောက်ပိုင်း ထိုကန်အတွင်း ရေများ လျော့နည်းသွားချိန်တွင်ရေများကိုပက်ထုတ်ပြီး ငါးများကို ဖမ်းဆီးကြရသည်။

ငါးရိုင်းကန်မှ ရရှိသောအကျိုးကျေးဇူးများ

လယ်သမားများသည် စပါးစိုက်ပျိုးချိန် မိုးတွင်းအခါတွင် မိမိ တို့မိသားစုအတွက် ဟင်းစားအဖြစ်ဖမ်းယူနိုင်ပါသည်။ စပါးရိတ် သိမ်း ပြီးသည့်နောက် ရေလျော့နည်းသွားသော ငါးရိုင်းကန်အတွင်း ရှိ ရေများကိုပက်ထုတ်ပြီးငါးများကို ဖမ်းဆီးရောင်းချရသဖြင့် တောင်သူများအတွက် အပိုဝင်ငွေများရရှိကြပါသည်။ ရရှိလာသော ငါးမျိုးစိပ်များအနေဖြင့် ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ တီလားဗီးယား၊ ငါးခုံးမ၊ ငါးဖျင်းစလက်နှင့် အခြားသော ရေချိုငါး/ပုစွန်များကို ရရှိ ကြပါသည်။

ငါးရိုင်းမွေးမြူမှု

ငါးရိုင်းမွေးမြူမည့် လယ်သမားများသည် ငါးရိုင်းကန်ဖော်ပြီးနောက် အချို့သော ငါးရံ့၊ ငါးခူ၊ ငါပြေမ စသည့် ဒေသငါးမျိူးများကို ငါးရိုင်းကန်အလယ်တွင် ကန်ငယ်ကလေးပြုလုပ်ကာ ပြုစုထိမ်းသိမ်းထားကြပါ သည်။ ပြုစုစဉ်ကာလတွင် ရေလိုအပ်ပါက ထည့်သွင်းပေးရသဖြင့် စရိတ်များကုန်ကျမှုရှိပါသည်။ အချို့သော တောင်သူများမှာ ငါးရိုင်းမျိုးများကိုဝယ်ယူခြင်း၊ သဘာဝရေပြင်မှ သားပေါက်များကို ဝယ်ယူခြင်းဖြင့် မိုးရာသီအခါအတွင် ထည့်သွင်းမွေးမြူလေ့ရှိပါသည်။ ယခုအခါတွင် ငါးရိုင်းများကန်အတွင်းသို့ဝင်ရောက်ပြီးသည့်အချိန်တွင် ပြန်လည် ထွက်သွားခြင်းမရှိအောင် အစာကျွေးခြင်း၊ နိုင်လွန်ဇကာ များဖြင့်ကာရန်ခြင်း များ ပြုလုပ်ကာ ဂရုတစိုက်မွေးမြူလာ ကြပါသည်။ သဘာဝမှ သားပေါက်များထည့်သွင်းထားသူတို့သည် ပုံမှန်အစာကျွေးခြင်းများပြုလုပ်လာကြပါသည်။

ငါးရိုင်းမွေးမြူရေးတွင် ရင်ဆိုင်နေရသည့် ပြဿနာများ

(၁) ရာသီဥတု

မုတ္တမပင်လယ်ကွေ့ဒေသတွင် လယ်ယာ မြေများ သည် အများအားဖြင့် နုံးတင်မြေနုဖြစ်ပြီး၊ သဲပါဝင်မှုများ ပါသည်။ လယ်မြေများကို ဖော်ထုတ်ရာတွင် ပင်လယ်ရေ ဝင်ရောက်ခြင်းမရှိစေရန် မြေတာဘောင်များဖြင့်ကာရံတည် ဆောက်ရပါသည်။ တာဘောင်များ သည် ရွှံ့စေးပါဝင်မှု နည်းပါးသဖြင့် မိုးအဆက် မပြတ်ရွာသွန်းခြင်း၊ မုန်တိုင်းကျ ကာ မိုးများခြင်းစသည့် ရာသီဥတုဖောက်ပြန်ခြင်းများဖြစ် ပေါ်လာပါက တာဘောင်များပျက်စီးခြင်း၊ စပါးခင်းများ အား ရေလွှမ်းခြင်းနှင့် ငါးရိုင်းကန်မျာအား ရေကျော် ခြင်းများ ဖြစ် ပေါ်လာကာ ကန်အတွင်းသို့ဝင်ရောက်နေသော ငါးရိုင်းများ၊ ထည့်သွင်းထားသော သားပေါက်များဆုံးရှုုံးမှုများနှင့် ရင်ဆိုင်ကြရပါသည်။

(၂) တရားမဝင်ငါးဖမ်းနည်းစနစ်ဖြင့် ငါးဖမ်းခြင်းများ

ငါးရိုင်းမွေးမြူရေးတွင် ရင်ဆိုင်နေရသည့် ပြသနာ တစ်ခုမှာ တရားမဝင်ငါးဖမ်းဆီးနည်းစနစ် ဖြစ်သည့် ဘက်ထရီလျှော့တိုက် ငါးဖမ်းဆီးခြင်းနည်းစနစ် ဖြစ် သည်။ ၎င်းစနစ်သည် ငါးရစ်ငါးသန်ချိန် မိုးရာသီ အခါ၌ ဥဆောင်ထားသောငါးမများ၊ အရွယ်ရောက် ငါးများ၊ ငါးသားပေါက်များစသည်တို့ကို အလွန်ဆိုးကျိုးများဖြစ် စေပါသည်။ လျှပ်စစ်စက်ကွင်း တိုက်ရိုက် ထိတွေ့သော ငါးများသည် သေဆုံးခြင်းများရှိပြီး၊ မသေဆုံးနိုင်သော ငါးများသည် ကြီးထွားနှုန်းလျော့ကျခြင်း၊ မျိုးမပွားနိုင်ခြင်း စသည်တို့ကိုခံစားရသဖြင့် သဘာဝ ငါးသယံဇာတများကို အလွန်ပျက်စီးစေပါသည်။ နောင်တစ်ချိန်တွင် တိုင်းရင်းငါးမျိုးများ ပျောက်ကွယ် သွားသည် အထိဖြစ်လာနိုင်သဖြင့် ဘက်ထရီလျှော့ တိုက်ငါးဖမ်းဆီးသူများကို အသိပညာပေးဟောပြောခြင်း၊ ငါးလုပ်ငန်း ဥပဒေဖြင့်အရေးယူဆောင် ရွက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် ကျေးရွာများတွင် သတိပေးတားမြစ်ခြင်း၊ အသိ ပညာပေးခြင်းစသည့် ဆိုင်းဘုတ်များပြုလုပ်ပြီး အများပြည်သူများမြင်နိုင်သောနေရာများတွင် စိုက်ထူထားသင့် သည်။

(၃) စပါးစိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၏ ငါးရိုင်းမွေးမြူရေးအပေါ်ထိခိုက်စေမှုများ

အချို့သော စပါးစိုက်ပျိုးသည့် တောင်သူများ သည် စပါးကိုဖျက်ဆီးသော အင်းဆက်ပိုးကောင်များကို ရှင်းလင်းသည့်ပိုးသတ်ဆေးများကို အသုံးပြုရာတွင် နည်းစနစ်မှန်ကန်အောင်အသုံးမပြုကြသဖြင့် ပတ်ဝန်း ကျင် ကိုများစွာထိခိုက်ပျက်စီးစေပါသည်။ ပိုးသတ်ဆေး သည် ပိုးများ၊ ပေါင်းများကိုသေစေသည်သာမက ငှက် များ၊ ငါးများ၊ အကျိုးပြုူပိုးများနှင့် အခြား မရည်ရွယ်ထား သောအပင်များကိုလည်း သေကြေပျက်စီးစေနိုင်ပါ သည်။      ပိုးသတ်ဆေးအသုံးပြုသဖြင့် မြစ်ချောင်း၊ အင်း၊ အိုင်နှင့် ငါးရိုင်းကန်များတွင် ပိုးသတ်ဆေးပါသော ရေများ ဝင်လာြခင်းအားဖြင့် ငါးများအပါအဝင် ရေနေသတ္တဝါများကို သေဆုံးနိုင်သည့်အပြင် ပိုးသတ်ဆေးများ ပါဝင် နေသည့်ရေနေသတ္တဝါများအား စားသုံးမိသူများကိုလည်း အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် တောင်သူ လယ်သမားများအနေဖြင့် မိမိတို့မွေးမြူထားသော ငါးရိုင်းကန်မှငါးများ အောင်မြင်စွာဖြစ်ထွန်းနိုင်ရေးအတွက် စပါး ဖျက်ပိုးများကို ဆေးဖျန်းပက်ရာတွင် နားလည်တတ်ကျွမ်းသော စိုက်ပျိုးရေးပညာရှင်များနှင့်ဆက်သွယ်၍ နည်း စနစ်မှန်ကန် စွာအသုံးပြုသင့်ကြောင်းတိုက်တွန်းလိုပါသည်။ စိုက်ပျိုးရေးကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့်လည်း စပါးဖျက်ပိုးသတ်ဆေးနှင့်ပတ်သက်သော အသိပညာပေးအစီအစဉ်များပြုလုပ်ပေးခြင်း၊ အသိပညာပေးဆိုင်းဘုတ် များတတ်ဆင်ပေးခြင်းဖြင့် ငါးရိုင်းမွေးမြူသည့် တောင်သူများကျိုးသာမက လူသားတို့၏အာဟာရအတွက် အရေးကြီးသည့် ငါးသယံဇာတများ ရေရှည်တည်တံ့လာနိုင်မည်ဖြစ်ပါသည်။ 

(The Farmer Myanmar မြန်မာ တောင်သူကြီးများ ဂျာနယ်၏ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများရဲ့ ပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုများ မှ ကောက် နုတ်တင်ပြထားပါသည်)