ဝက်ငယ်တွေသားခွဲဖို့သိထားသင့်တဲ့ အချက်များ

ဝက်ငယ်တွေရဲ့ အဟာရလိုအပ်ချက်က နို့ပေါ်မှာ မှီခိုမနေတဲ့အတွက် အစာလုံလုံလောက်လောက် ရရှိပါက သားခွဲပေးနိုင်ပါတယ်။
ဒါပေမဲ့ မိခင်နဲ့ သားသမီးရဲ့ သံယောဇဥ်ကြောင့် စိတ်ဖိစီးမှုတွေ ကြုံရနိုင်ပါတယ်။
စောစောသားခွဲလေ ဝက်ငယ်လေးတွေ ပိုခံစားရလေဘဲဖြစ်ပါတယ်။
ဝက်ငယ်လေးတွေရဲ့ အာဟာရပြည့်ဝမှု၊ လျော့နည်းမှုက ရုတ်တရက် နို့ဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။
ဝက်ငယ် အသက်ငယ်လေ နို့ကရတဲ့ အာဟာရက အရေးကြီးလေပါ။
ဒါဆို ဝက်ငယ်တွေသားခွဲစဥ် စိတ်ဖိစီးမှုနည်းစေရန် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
(၁) ရာသီဥတုပူတဲ့ ပတ်ဝန်းကျင်မှာ (၇) ပတ်သားရောက်မှ သားခွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံမှာ နည်းပညာမပြည့်စုံခြင်း၊
နို့မှုန့်ဈေးကြီးတဲ့အတွက် ဝက်ငယ်စာထောက်ပံ့ဖို့ခဲယဥ်းခြင်းနဲ့ အစာ တောင့်ပြုလုပ်ရန် မဖြစ်နိုင်အတွက်ကြောင့်ပါ။
ဒီပြဿနာတွေမရှိဘူးဆိုရင်တော့ ၅ပတ်သားအရွယ်ထဲကစပြီး ဂရုတစိုက်နဲ့ သားခွဲပေးနိုင်ပါတယ်။
(၂) သားခွဲရာမှာ ဝက်မကြီးကို လှောင်အိမ်ထဲကနေဖယ်ပေးလိုက်ခြင်းဖြင့် သားခွဲနိုင်ပါတယ်။
ဝက်ငယ်တွေကို ခြံထဲမှာ ၁ပတ်လောက်ထားပေးရပါမယ်။ ပထမဆုံး ၂ရက်ကတော့ အစာစားနှုန်း အတူတူဘဲဖြစ်တဲ့အတွက် ၃ရက်မြောက်နေ့မှာ ဝက်ငယ်စာနဲ့ ဝက်လတ်စာ ကိုရောကျွေးရပါမယ်။ နေ့စဥ် ဝက်လတ်စာကို တိုးကျွေးနေပြီးတော့ တစ်ပတ်အကြာမှာ ဝက်ငယ်တွေကို ဝက်လတ်ခြံထဲကို ပြောင်းထည့်ပေးရပါမယ်။
(၃) ဝက်လှောင်အိမ်ကို ဝက်ငယ်တွေမထည့်ခင် ၁၅ရက်ခန့်ဘားမှမထည့်ဘဲ သန့်ရှင်းရေးပြုလုပ် ထားရပါမယ်။
သမပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ အသက်(၃)ပတ်မှာ သားခွဲပေမယ့် အပူပိုင်းဒေသထဲမှာတော့ ထည့်သွင်းစဥ်းစားခြင်းမရှိပါ။
၃ပတ်မှာ သားခွဲမယ်ဆိုရင် အမြင့်ဆုံးအရည်အသွေးရှိတဲ့ နို့အစားထိုးပစ္စည်းတွေလိုအပ်ပါတယ်။
နို့ပေးကာလကြာရှည်ခြင်းက နှစ်စဥ်ဝက်ငယ်သားခွဲ ကောင်ရေကို နည်းစေပါတယ်။ ဒီလိုဖြစ်ရခြင်းက နည်းပညာအသစ်များကို အသုံးချမှုနည်းခြင်းနဲ့လည်းဆက်စပ်မှု ရှိပါတယ်။
အပူပိုင်းဒေသမှာ အသက်ငယ်ငယ်နဲ့ သားခွဲပေးခြင်းက ကြီးထွားမှုကို နှေးစေပြီးသေနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းတို့ကိုပါ မြင့်မားစေပါတယ်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။