ဒီဇင်ဘာလ ၉ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၈ ရက် ၁၁၄၅ နာရီတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ (၁၆)လမ်းနေ ဦးတင်မြင့်(၇၂)နှစ်၏ နေအိမ်မှ ယာဉ်အမှတ်၊ 5H-2666 အမျိုးအစား AD VAN(ဖြူ)ယာဉ်နှင့် ဖုန်း ၁ လုံးတို့အား PDF အကြမ်းဖက်အဖွဲ့မှ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၈ ရက် ၁၂၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်ကျေးရွာအုပ်စု၊ ဂျွန်းကန်(န)ကျေးရွာတွင် နေထိုင်သော ဦးသိန်းမြင့်(၅၉)နှစ်၊ တောင်သူလုပ်ကိုင်သူသည် ၎င်းပိုင်ဆိုင်သော လျှော်ဖြူခင်းအတွင်း တစ်ဦးတည်း နွားကျောင်းနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသိန်းမြင့်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရှိရ။