မင်္ဂလာဆောင်မှာ သတိုးသမီးဖခင်က သားမက်ကိုပြောတဲ့စကား

မင်္ဂလာဆောင် ပွဲတစ်ခုမှာ သတိုးသမီးဖခင်က

သားမက်ကို ပြောတယ် ။

သူမကို ပထမဆုံးပွေ့ဖက်ခဲ့တဲ့သူက ငါပါ

မင်းမဟုတ်ဘူး

သူမကို ပထမဆုံး နမ်းရှုံ့ခဲ့တဲ့သူကလည်း ငါပါ

မင်းမဟုတ်ဘူး

သူမကို ပထမဆုံးချစ်ခင်ခဲ့တာလည်း ငါပါ.

မင်းမဟုတ်ဘူး

ဒါပေမယ့်
သူမကို တစ်ဘဝလုံးလက်တွဲပေးရမယ့်

သူကတော့ ငါမဟုတ်ဘူးကွာ

အကယ်၍ တစ်နေ့မှာ မင်းသာ
သူ့ကို မချစ်တော့ခဲ့ရင်
သူမကို အပြစ်မဆိုပါနဲ့
မရိုက်နှက် မဆူဆဲပါနဲ့
မချစ်နိုင်တော့အကြောင်းကို
သူမကိုလည်း မပြောပါနဲ့
ငါ့ကိုပဲ လာပြောပါကွာ ငါ့သူမကို

အိမ်ပြန်ခေါ်သွားပေးပါမယ်

အကယ်၍ သင်ဟာ ယောကျ်ားတစ်ယောက်ဆိုရင်
မိမိ ဇနီးမယားကို ကောင်းမွန်စွာ ဆက်ဆံပါ
တန်ဖိုးထားပါ ဘာလို့လဲ ဆိုတော့ သင်ယူထားတဲ့

မိန်းကလေးဟာ တစ်ခြားမိဘတွေရဲ့ တန်ဖိုးထားရတဲ့ သမီးလေးတွေမို့ပါ

သမီး မိန်းကလေးဆိုတာ
ဖခင်တိုင်းရဲ့ အသဲနှလုံးလေးတွေပါ ❤️❤️❤️
မူရင်းရေးသားသူကိုလေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်

DYK