တုပ်ကွေးမိခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ

တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီး ၂၄-၄၈ နာရီအတွင်း တုပ်ကွေး၏ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ ရောဂါလက္ခဏာများသည် ၃-၅ ရက်ကြာနိုင်ပါသည်။ တုပ်ကွေး၏ ရောဂါလက္ခဏာအချို့မှာ-

ခေါင်းကိုက်ခြင်းအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အဖျားတက်ခြင်းခန္ဓာကိုယ် ချမ်းတုန်ခြင်းကြွက်သားများ နာကျင်ကိုက်ခဲခြင်းအားနည်းခြင်း၊ မောပန်းခြင်းနှာပိတ်ခြင်းလည်ချောင်းနာခြင်းချောင်းဆိုးခြင်းအလင်းရောင်ကို မကြည့်နိုင်ခြင်းအချို့ တုပ်ကွေး ဗိုင်းရပ်စ်များသည် ဝမ်းသွားခြင်းနှင့် အော့အန်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သည်။

အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် တုပ်ကွေးလက္ခဏာများ ရှိပါက ဆရာဝန် နှင့် ချက်ချင်း ဆက်သွယ်ပါ။ ရောဂါလက္ခဏာများကို စသတိပြုမိပြီး ၄၈နာရီ အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ သောက်ခြင်းသည် အဖျားရှည်ခြင်းကို လျှော့ချပေးပြီး ပြင်းထန်သော ပြဿနာများကို ကာကွယ်ရန် ကူညီပေးပါသည်။

Influenza (တုပ်ကွေးမိခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

တုပ်ကွေးသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်များကို အမျိုးအစား A, B, C ဟု ခွဲခြားထားပါသည်။ အမျိုးအစား A သည် အဖြစ်အများဆုံးဖြစ်ပါသည်။ အခြား တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားများမှာ ဝက်တုပ်ကွေး (H1N1), ငှက်တုပ်ကွေး (H5N1,H7N9) အစရှိသည်တို့ ဖြစ်ပါသည်။

ဗိုင်းရပ်စ်ပါသော အမှုန်အမွှားများကို ရှူမိခြင်းဖြင့် တုပ်ကွေးကူးခံရပါသည်။ ရောဂါပိုးရှိသော ပစ္စည်း သို့မဟုတ် တိရစ္ဆာန် ကို ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်များ ကူးစက်ခံရပါသည်။ တုပ်ကွေး ဗိုင်းရပ်စ်သည် ကူးစက်ခံရသောသူ ချောင်းဆိုးလိုက်သော နှာချေလိုက်သော ရေမှုန်ထဲတွင်လည်း ပါဝင်လာနိုင်ပါသည်။ ကူးစက်ခံရသော တိရစ္ဆာန် အသားကို အစိမ်းစားခြင်းဖြင့်လည်း တုပ်ကွေးကူးနိုင်ပါသည်။

Influenza (တုပ်ကွေးမိခြင်း ) ကို ဘယ်လိုကုသပါသလဲ

တုပ်ကွေးဖြစ်သူအများစုသည် အိမ်တွင် ကုသနိုင်ပြီး ဆရာဝန် သွားပြရန် မလိုအပ်ပါ။ အနားယူခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်သည်။ လူအတော်အများသည် တုပ်ကွေးကို ပဋီဇီဝဆေးများဖြင့် ကုသ၍ ရသည်ဟု အထင် မှားနေကြပါသည်။ ပဋီဇီဝဆေးများသောက်ခြင်းသည် တုပ်ကွေးသက်သာမလာစေသည့်အပြင် ပဋီဇီဝဆေးမတိုးခြင်းကိုပါ ဖြစ်စေပါသည်။

ရောဂါလက္ခဏာများ မသက်သာပါ က ဆရာဝန်အား ရောဂါလက္ခဏာတစ်ခုချင်းကို သက်သာစေသော ဆေးများသောက်ရန် မေးနိုင်ပါသည်။ ထိုဆေး အချို့ကို သင်ကိုယ်တိုင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ acetaminophen, ibuprofen စသော non-aspirin ဆေး များကို နာကျင်ခြင်းသက်သာရန်၊ ချောင်းဆိုးပျောက် ဆေးရည်ကို လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းသက်သာရန် နှင့် နှာပိတ်ပျောက်ဆေးများကို နှာပိတ်ခြင်းပျောက်ရန် အသုံးပြုနိုင်ပါသည်။

အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် တုပ်ကွေးကို ထိန်းချုပ်နိုင် ပါသည်။

  • အရည်အများအပြားသောက်ခြင်းသည် အဖျားကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို သက်သာစေရန် အကောင်းဆုံးနည်း ဖြစ်ပါသည်။
  • ရေနွေးဖြင့် ရေချိုးခြင်းသည် ကြွက်သားများကို ပြေ လျော့စေပြီး ကြွက်သား နာကျင်ခြင်းကို လျော့နည်း စေပါသည်။
  • အိမ်တွင် ရေခိုးရေငွေ့စက်ရှိခြင်းသည် အသက်ရှူ ရလွယ်အောင်ပြုလုပ်ပေးပါသည်။
  • ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်း၊ ပါးစပ်ဆေးခြင်းသည် လည်ချောင်းနာခြင်းကို သက်သာစေပါသည်။

တုပ်ကွေးကူးခြင်းနှင့် အခြားလူများသို့ ပျံ့နှံ့ခြင်းအား ကာကွယ်ရန် အောက်ပါ အချက်အချို့ကို ပြုလုပ်သင့်ပါသည်။

  • တုပ်ကွေးကာကွယ်ဆေး ထိုးခြင်း။ တုပ်ကွေး ကာကွယ်ရန် အကောင်းဆုံးနည်းသည် ဗိုင်းရပ်စ်အတွက် ကိုယ်ခံအားတည်ဆောက်ထားခြင်း ဖြစ်သည်။
  • တစ်ကိုယ်ရည်သုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
  • တုပ်ကွေးရှိပါက အထူးသဖြင့် မျက်နှာမကိုင်ခင်၊ အများသုံးပစ္စည်းများကို ထိပြီးနောက် လက်သန့်စင် ဆေးရည်ကို အသုံးပြုပါ။
  • အပြင်ထွက်ပါက နှာခေါင်းစည်းဝတ်ပါ။ ချောင်းဆိုး၊ နှာချေသောအခါ ပါးစပ်ကို အုပ်ထားပါ။

(Hello ဆရာဝန်မှ ကူးယူဖော်ပြသည်။)