လဲချားမြို့တိုက်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီးညနေ ၃ နာရီဝန်းကျင်အထိလဲချားမြို့နယ်တွင် SSPP/SSA နှင့်စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာစစ်သား ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီးစစ်သုံးယာဉ် ၁ စီးပါ ဖမ်းစီးရရှိခဲ့ကြောင်း၊ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်းKhit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၅ ရက်နေ့မှစ၍ လဲချားမြို့နယ်တွင် SSPP/SSA နှင့် စကစတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်းနှင့် စစ်တပ်ဘက်က ၁၂၀ မမ ဖြင့်ပစ်ခတ်ခဲ့ရာ SSPP/SSA အများအပြားကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit ဖြစ်စဉ်အမှန်မရေးတဲ့အပြင် SSPP/SSA က ထိခိုက်ကျဆုံးမှုများတာကို အောက်တန်းကျစွာ စစ်တပ်က ၁၀ ဦးသေတယ်၊ အရှင် ၂ ဦးဖမ်းမိတယ်ဆိုပြီးလူအထင်ကြီးအောင်လုပ်ကြံ ရေးသားထားခြင်းဖြစ်ပါတယ်။