မေတ္တာဆိုတာ

မေတ္တာဆိုတာ စွန့်လွှတ်နိုင်တယ်။

တွယ်တာထားမနေဘူး။

တဏှာက မစွန့်လွှတ်နိုင်ဘူး။

အင်မတန်မှ ကွဲပြားခြားနားမှုတွေရှိတယ်။

တဏှာချစ်နဲ့မေတ္တာချစ်။

တဏှာချစ်ကပူလောင်တယ်။ မေတ္တာချစ်က အေးမြတယ်။

မေတ္တာဆိုတာ အတွယ်အတာကင်းတယ်။

ကောင်းကျိုးချမ်းသာကို လိုလားတဲ့သဘော။

မေတ္တာဆိုတာ သူ့အတွက်၊ တဏှာဆိုတာ ကိုယ့်အတွက်၊

စဥ်းစားကြည့်လေ လူတွေက ဘယ်သူ့ကို ခင်ပါတယ် ချစ်ပါတယ်ပြောနေကြတယ်။

တကယ်ချစ်တာ ဟုတ်ရဲ့လားဆိုရင် တကယ် ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ကို ချစ်တာ မဟုတ်ဘူး။

သူ့မြင်နေရရင် ကိုယ် စိတ်ချမ်းသာတယ်။

အဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာ။

ဒါကိုလူတွေ မျက်စိလည်သွားတယ်။ 🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ