ပင်လယ်ရေကြောင်းကုန်သွယ်မှု ၄ လအတွင်း အမေရိကန်ဒေါ်လာ ၇.၅၅ဘီလီယံ ကျော်ရှိ

       

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလတွင် စတင်ခဲ့သော ၄လနီးပါးကာလအတွင်း မြန်မာနိုင်ငံ၏
ပင်လယ်ပြင်မှ နိုင်ငံခြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇.၅၅ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စနေနေ့၌ ထုတ်ပြန်ကြေညာခဲ့ပါသည်။

        အဆိုပါ ကိန်းဂဏန်းသည် လွန်ခဲ့သည့်နှစ်၊ အလားတူကာလတွင် မှတ်ပုံတင်ထားသည့်
အမေရိကန်ဒေါ်လာ ၈.၄၃ ဘီလီယံကျော်နှင့် နှိင်း ယှဉ်ပါက ကျဆင်းသွားကြောင်း ဝန်ကြီးဌာန၏
အချက်အလက်များအရ သိရပါသည်။

        ဧပြီလ ၁ ရက်နေ့မှ ဇူလိုင် ၂၈ ရက်နေ့အထိ ပိုကုန်တန်ဖိုးမှာ ဒေါ်လာ ၂.၈၇ ဘီလီယံကျော်ရှိ ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၆၈ ဘီလီယံကျော်ရှိသည်။ ယင်းကာလအတွင်း နယ်စပ်ကုန်သွယ်မှု အပါအဝင် စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၁၁.၀၃ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃.၄၄ ဘီလီယံ ကျော်ရှိကြောင်း သိရပါသည်။