မတ်လ ၁၉ ရက်နေ့ မိုင်းတွေ့ရှိ/ ပေါက်ကွဲမှုသတင်းများ

-မတ်လ ၁၈ ရက် ၀၇၂၀ နာရီတွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့သို့ ထွက်ခွာလာသည့် ကျောက်တင် မီးရထားသည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၂၂/၃၂)နှင့် (၁၂၃/၁)အကြား တံတား ပေါ်သို့ ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ရထားတွဲ ၅ တွဲ လမ်းချော် တိမ်းမှောက် ခဲ့ပြီး တံတားပျက်စီးခဲ့။

-မတ်လ ၁၈ ရက် ၀၇၀၀ နာရီတွင် တမူးခရိုင်၊ မြို့သစ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့သစ်ဘုန်းကြီးကျောင်း PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် မီတာ ၇၀၀ ခန့်အကွာမှ ပျံသန်းရောက်ရှိလာပြီး Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဆွမ်းစားကျောင်းဆောင်သစ်ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲပြီး အမိုးသွပ် ၂၅ ချပ်ပျက်စီးခဲ့ ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-မတ်လ ၁၈ ရက် ၀၉၄၀ နာရီတွင် မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာနှင့် လက္ကောင်းကြီးကျေးရွာသွား မြေသားလမ်းအနီး၌ ပြည်သူများ ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၅ လုံး၊ ကီးပတ်ဖုန်း ၁ လုံး၊ ဆားကစ်ပြား ၂ ခု၊ ဘတ္ထရီ ၁ လုံး၊ ဝါယာကြိုး ၁ ခွေတို့အား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရှိရ။