လက်ဝတ်တန်ဆာများ ထပ်ဆောင်းအလျော့တွက်ကို တွက်ချက်ခြင်းမပြုဖို့ မေတ္တာရပ်ခံ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေဆိုင်တွေအနေနဲ့ လက်ဝတ်တန်ဆာများ ရောင်းဝယ်ရာမှာ ထပ်ဆောင်းအလျော့တွက်တွေကို ထည့်သွင်းတွက်ချက်ခြင်းမပြုဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံ ပန်ကြားပါကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေဆိုင်တွေဟာ လက်ဝတ်တန်ဆာများ ရောင်းဝယ်ရာမှာ တစ်ဆိုင်နဲ့တစ်ဆိုင် ပုံစံဒီဆိုင်းများအရ အလျော့တွက်လက်ခများ ကွဲပါးလျှက်ရှိတယ်လို့လည်း ရွှေအသင်းက ဆိုပါတယ်။

ရွှေဈေးနှုန်းတည်ငြိမ်မှုဖြစ်စေဖို့အတွက် လက်ဝတ်တန်ဆာများ ရောင်းချရာမှာ သင့်တင့်မျှတတဲ့ အလျော့တွက်လက်ခနှုန်းနဲ့သာ ရောင်းချကြဖို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံ ပန်ကြားထားပါသေးတယ်။