“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS က ကမ်းလှမ်းစာထုတ်ပြန်”

တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် အပြန်အလှန် ဝင်ထွက်သွားလာဆက်ဆံနိုင်ရေး၊ အထင်မှားမှုအားလျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် လူထု၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများဖြေရှင်းနိုင်ရေးတို့ကို ရည်ရွယ်၍ သျှမ်းပြည်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ကမ်းလှမ်းစာတစ်စောင်ကို ယနေ့ (အောက်တိုဘာ ၁၀ ရက်) ရက်စွဲဖြင့် ကြေညာထားသည်။

အဆိုပါတွေ့ဆုံမှုကို အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အထိ အချိန်ကာလ ၄ လကို ၎င်းတို့က သတ်မှတ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေးပြဿနာများကို
ဖြေရှင်းရန် ပေါ်လစီချမှတ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။