ဘဲဥချဥ်ရည်ဟင်းမွှေးမွှေးလေးချက်နည်း

အချိန်နည်းနည်းနဲ့အရသာရှိတဲ့ဟင်းတစ်ခွက်ကို ခပ်မြန်မြန်လေးဖန်တီးချင်သူတွေအတွက် ချဉ်ပြုံးပြုံးမန်ကျည်းအရသာဟင်းအနှစ်လေးနဲ့ စားလို့ကောင်းလှတဲ့ ဘဲဥချဉ်ရည်ဟင်းလေးကို အတူတူဖန်တီးကြည့်ရအောင်နော်။ ခုချက်ပြမယ့် ဘဲဥချဥ်ရည်ဟင်းဟာ ချက်ပြုတ်ရ လွယ်ကူသလို ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင် B12၊ ဗီတာမင် ဒီ၊ ဗီတာမင် B6၊ သံဓာတ်၊ ဗီတာမင်အေနဲ့ ဇင့်ဓာတ်တွေ ပါဝင်ပြီး တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*

ပါဝင်ပစ္စည်းများ

  • ဘဲဥ ၃ လုံး (ပြုတ်ပြီး ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
  • ဆီ ထမင်းစားဇွန်း ၄ ဇွန်း
  • ရေ ၂၅၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အိုးထဲကိုဆီထည့်ပြီး ဆီပူလာတဲ့အခါ အရောင်တင်မှုန့်နဲ့နနွင်းမှုန့်ကို ထည့်ပြီး အနည်းငယ်မွှေပါ။
  2. ပြီးရင်တော့ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။
  3. ဘဲဥလေးတွေထည့်ကာ ခပ်ဖွဖွမွှေပါ။
  4. ပြီးရင်တော့ရေထည့်ကာအဖုံးလေးအုပ်ပေးပါ။ ရေဆူလာချိန်မှာ ခနောကြက်သားမှုန့်နဲ့မန်ကျည်းအရသာမှုန့်ကိုထည့်ပြီး ခပ်ဖွဖွထပ်မွှေပေးပါ။
  5. ၃ မိနစ်ခန့်အကြာမှာ ဟင်းအနှစ်ပျစ်ပျစ်လေးဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပြီး ဘဲဥထဲလည်းအရသာဝင်သွားပါလိမ့်မယ်။
  6. ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ ဘဲဥချဥ်ရည်ဟင်းလေးကို တွဲဖက်သုံးဆောင်နိုင်ပါတယ်။