မက်မွန်သီး၊ ဇီးသီး စသည့်အသီးအနှံများမှာ Listeria ဘက်တီးရီးယားရောဂါကူးစက်မှုများ တွေ့ရှိလာ

အမေရိကန်နိုင်ငံတွင် မက်မွန်သီး၊ ဇီးသီး စသည့် သီးနှံများနှင့်ဆက်နွယ်ပြီး Listeria ဘတ်စ်တီးရီးယားရောဂါ ကူးစက်မှု ၁၁ ခုထိ ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနက တနင်္လာနေ့ (နိုဝင်ဘာ ၂ဝ ရက်) က ပြောကြားခဲ့သည်

ကူးစက်ခံရသူများထဲမှ လူတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်တစ်ဦးသည် ကိုယ်ဝန်စော မွေးဖွားခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါမှာ ရောဂါဖြစ်ပွားမှု (၃) ခု တွေ့ရှိခဲ့ရပြီး ကော်လိုရာဒို၊ ကန်စပ်၊ အီလီနွိုက်၊ မစ်ရှီဂန် နှင့် အိုဟိုင်းယိုးပြည်နယ်တွေမှာလည်း ကူးစက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။ Listeria ရောဂါပိုး ကူးစက်ခံရသူဟာ ဆေးကုသစရာမလိုဘဲ ပြန်ကာင်းလာနိုင်တာကြောင့် ရောဂါဖြစ်ပွားမှုအရေအတွက် ပိုများနိုင် ကြောင်း CDC မှ ပြောကြားခဲ့သည်။

စမ်းသပ်ချက်များအရ HMC Farms မှ မက်မွန်သီးတွေမှာ Listeria ဘတ်တီးရီးယားစနစ်များနှင့် ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။ ဒါကြောင့် HMC Farms ဟာ ယခုနှစ် မေလ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အကြား စတိုး ဆိုင်များမှ ရောင်းချခဲ့သော မက်မွန်သီး၊ ဇီးသီးများ ပြန်လည်သိမ်းဆည်းခဲ့သည်။ ဒါပေမယ့် Listeria ဘတ်တီးရီးယားဟာ အသီးများ ထားရှိသည့်နေရာမှာ ရှင်သန်နေနိုင်သည့်အတွက် အသီးအနှံများကို စွန့်ပစ်ကြရန် နှင့် ရေခဲသေတ္တာအတွင်း အပါအဝင် အသီးအနှံများနှင့် ထိမိနိုင်သည့် မျက်နှာပြင်များ၊ ကွန်တိန်နာများကို သန့်ရှင်းရေးလုပ်ရန် CDC မှ အကြံပြုထားသည်။

Listeria ကူးစက်မှုဟာ ကိုယ်ဝန်ဆောင်များ၊ ကိုယ်ခံအားစနစ်အားနည်းသော အသက် ၆၅ နှစ်နှင့်အထက်ရှိသူတွေ မှာ ပြင်းပြင်းထန်ထန် ကူးစက်နိုင်ချေများပါသည်။ Listeria ပိုးဝင်ခြင်း၏ လက္ခဏာများသည် ဖျားနာခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်းတို့ဖြစ်ပါသည်။

CDC ကလည်း ကူးစက်မှုများနှင့်ဆက်နွယ်သည့် သစ်သီးများကို ပြန်လည်သိမ်းဆည်းနေပြီး စုံစမ်းစစ်ဆေးမှုများကို လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။