မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်”

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ကို လာမည့် မတ်လ ၁ ရက်မှစတင်ကာ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြိုရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး ထိုသို ရပ်နားထားချိန်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူထားသူများကို သက်မှတ်နေ့အလိုက် ပြန်လည်ပြုလုပ်ပေးမှာဖြစ်သည်ဟုဆိုသည်။

ပြည်တွင်း၌လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို နှစ်လကျော်ရပ်ဆိုင်းထားရာမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် Online Booking စနစ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း သိရသည်။