ဆော်ဒီအမှတ်ပေးလိဂ်ပွဲစဉ် (၃)ပွဲတွင် ဒုတိယအကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ စီရော်နယ်လ်ဒို

အယ်လ်နာဆာအသင်း၏ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီအာရေဗျအမှတ်ပေးလိဂ်ပွဲစဉ် (၁၈)အဖြစ်ယှဉ်ပြိုင်ခဲ့သော ဒါမတ် (ဝ-၃) အယ်လ်နာဆာပွဲစဉ်တွင် ပွဲချိန် (၁၈၊ ၂၃၊ ၄၄)မိနစ်များတွင် အသင်းအတွက် သွင်းဂိုး (၃)ဂိုးစလုံးကိုသွင်းယူပေးခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ဆော်ဒီအမှတ်ပေးလိဂ်ပွဲစဉ် (၃)ပွဲတွင် ဒုတိယအကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ခဲ့သည်။

ထို့ပြင်စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းရရှိခဲ့သည့် ဆော်ဒီအမှတ်ပေးလိဂ်နောက်ဆုံးသွင်းဂိုး (၁၀)ဂိုးဆက်တိုက် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး (၈)ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။

crd: