မြန်မာဘက်ကို နွားဝင်ခိုးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မြေမြုပ်မိုင်းပေါက်ပြီး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်(ရွာတော်) ခရိုင်ထဲကနေ မြန်ဘက်ကို ဝင်ရောက်ပြီး ခိုးထားသော နွားတစ်ကောင်ကို ယူဆောင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးသည် မနေ့က (စနေနေ့) နယ်စပ်တွင် မိုင်းပေါက်ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်ဟု Dhaka Tribune က သတင်းဖော်ပြသည်။

ဒဏ်ရာရရှိသွားသူမှာ ဂိုလန်အက်ဘာ (Golam Akbar) ဆိုသူဖြစ်ကြောင်း ဘင်ဒရိုဘင်မြို့နယ် ဥက္ကဋ္ဌ Nurul Absar က အတည်ပြုခဲ့သည်။

ဒေသခံတွေကို ကိုးကားပြီး ဥက္ကဋ္ဌ Nurul Absar က “ဂိုလန်ဟာ Jumchhari နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ၀င်ပြီး ခိုးထားတဲ့ နွားတစ်ကောင်ကို ယူလာဖို့ နယ်စပ်ရဲ့ သုညမျဉ်းကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီတုန်းက မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန်ရသွားတယ်” ဟု ပြောသည်။

သူက ထပ်ပြီး “မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူဟာ ကော့စ်ဘဇားခရိုင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်”ဟု ပြောသည်။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဘင်္ဂလာဘက်က နွားခိုးဂိုဏ်းများက အဖွဲ့ဝင်များသည် ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် နယ်စပ်တစ်လျှောက်ရှိ ဘင်္ဂလာဒေ့ရှ် အုပ်ချုပ်ရေးအဖွဲ့များကို ရှောင်ရှားပြီး နေ့စဉ်ရာနှင့်ချီသော ခိုးနွားများကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကနေ သယ်ဆောင် လာခဲ့ကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘန်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီ မြို့နယ်၊ အူဇီလာတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် နောက်ထပ် ဘင်္ဂလားဒေ့ရှ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။

crd;