KNU/PDF များ၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

KNU/PDF ပူးပေါင်းအဖွဲ့မှ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ပေါ်သို့ ၆၀ မမ ဗုံးသီး (၃) လုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦးသေဆုံးပြီး ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗုံးသီးများမှာ သိမ်ဇရပ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ရွာလေးကွက်သစ်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်းကွက်သစ်ပိုင်းနေ အသက် (၃၈)နှစ်အရွယ် ဒေါ်အေးအေးနွယ် ဆိုသူအမျိုးသမီး နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ ရွာလေးကွက်သစ်ပိုင်းတွင် နေထိုင်နေသူများဖြစ်ကြသည့် ဦးဇင်ဘိုလတ် (၃၄) နှစ်၊ ၎င်း၏သမီးဖြစ်သူ အသက် (၅)နှစ်အရွယ် မသဇင်အောင်၊ ရွာလေးကျောင်း(မူကြို)၊ ဦးရှိန်းကျော် (၃၅)နှစ်နှင့် ဒေါ်ချိုမာသန်း (၃၆) နှစ်တို့မှာလည်း ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သည်ဟု သိရသည်။

crd; mhtnews