သံဃာအပါး ၁၀၀၀ လှူဒါန်းပွဲနှင့်ဆီမီး ၁၀၀၀၀ ပူဇော်ပွဲအား ရွှေတိဂုံစေတီတော်၌ကျင်းပမည်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ သံဃာအပါး ၁၀၀၀ လှူဒါန်းပွဲနှင့်ဆီမီး ၁၀၀၀၀ ပူဇော်ပွဲအား ဇွန် ၁၈ ရက်နံနက် ၇ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဒါန်းပူဇော်မှုများပြုလုပ်သွားမည်ဖြစ်ကာ ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိပိဋကရခိုင်ဆရာတော်နှင့်ရက္ခိတစွမ်းအားပရဟိတအဖွဲ့မှ သိရသည်။
Crd.