တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၇ ရက်အထိ ကျင်းပမည်

ရှမ်းပြည်နယ်ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၇ ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းထဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမယ်လို့ သိရပါတယ်…အဲဒီ မီးပုံးပျံပွဲတော်မှာ ၂၅ ပေရှိ ညမီးကြီးမီးပုံးပျံ ၁၅ လုံး၊ ၂၂ ပေရှိ ညမီးကြီးမီးပုံးပျံ ၂၃ လုံး၊ ၁၈ ပေရှိ စိန်နားပန်မီးပုံးပျံ ၂၅ လုံး၊ ညလွှတ်မီးပုံးပျံအလုံးရေ စုစုပေါင်း ၆၃ လုံး လွှတ်တင်သွားမယ့်အပြင် နေ့လွှတ်အရုပ် ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း အရုပ်အုပ်စုတွေကိုလည်း လွှတ်တင်ကျင်းပသွားမှာဖြစ်ပြီး မီးပဒေသာလှည့်လည်ပူဇော်ပွဲနဲ့ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးနှိုးဆော်လိုက်ရပါတယ်….