Member အသစ်များအား ကြိုဆိုခြင်း( Welcome to the PCT App)

ရဲဝံ့စွန့်စား ပြည်ချစ်သား (PCT) Mobile Application) ကိုသုံးစွဲသူ မိသားစုဝင်များအနေနဲ့ သတင်းမှန်များ သိရှိစေရန်နှင့် စိတ်အပန်းပြေစေရန်အတွက်ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ သုံးစွဲသူများကို နည်းပညာဆိုင်ရာ အချက်အလက်များရှင်းလင်းပေးခြင်းနဲ့ သုံးစွဲနည်းများကို သရုပ်ပြခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်ပေးလျက်ရှိရာမှာ ၁၂-၇-၂၀၂၃ ရက်နေ့ နေ့လည် ၁ နာရီ အချိန်မှာတော့ Mobile Application သုံးစွဲသူများကို နည်းပညာဆိုင်ရာရှင်းလင်းပြောကြားခြင်းနဲ့ သုံးစွဲသူများရဲ့ အကြံပြုချက်များ ရယူခြင်းအား ရဲဝံ့စွန့်စား ပြည်ချစ်သား Admin နဲ့ (ဖူးကြီးသား) Channel Admin နဲ့ သုံးစွဲသူမိသားစုဝင်များ Online Meeting ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူအသစ် ၁၂၀ ဦး၏ ဖုန်းအတွင်းသို့ Application- Install လုပ်နည်း၊ အသုံးပြုနည်းများ ရှင်းလင်းပြသခဲ့ပါတယ်။ Application တွင် အကြံပြုချက်များ ရေးသားနိုင်ကြောင်းနဲ့ မိမိတို့အနီးအနားမှာရှိတဲ့ မိသားစုဝင်များထဲက user အသစ်များအတွက် ဆွေးနွေးပေးစေချင်တယ်ဆိုရင် PCT Contact Number 09-668640611 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အသစ်ဝင်လာတဲ့ Member များထဲမှ ဖုန်းဘေလ်ကံထူးသူများကို ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။