သစ်ဖြူပင်ရွာတွင်လောင်းကစားဝိုင်းဖမ်းဆီးရမိငွေများအား တပ်ပိုင်အဖြစ်သိမ်းဆည်းကြောင်း Ayeyarwaddy Times Page မှ သတင်းအမှားရေး

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ သစ်ဖြူပင်ရွာတွင် ဇူလိုင်လ ၁၁ ရက် နေ့ညနေပိုင်းက ရဲထံ ငွေပေးကာပြုလုပ်နေသည့်လောင်းကစားဝိုင်းကို စစ်တပ်မှအင်အားအလုံးအရင်းဖြင့် ဝင်ဖမ်းခဲ့ကြောင်းသတင်းရရှိသည်။ သစ်ဖြူပင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ရွာခံ ၃၀ ဦး ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ကစားဝိုင်းငွေကြေးသိန်း ရာချီနှင့်ဆိုင်ကယ် (၂၀)စီး ထက်မနည်းကိုတပ်ပိုင်အဖြစ်သိမ်းဆည်းသွားခဲ့ကြောင်း Ayeyarwaddy Times Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက် နေ့ညနေပိုင်း ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ သစ်ဖြူပင်ရွာတွင် သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များလောင်းကစားဝိုင်းအား သွားရောက်ဖမ်းဆီးခဲ့ပြီး လောင်းကစားပြုလုပ်သူတရားခံ ၁၆ယောက် ဆိုင်ကယ် ၁၆ စီး တိုက်ကြက် ၃ကောင် ငွေကသိန်းနှစ်ဆယ်ကျော် ရဲစခန်းအပ်နှံပြီးအမှုဖွင့်ထားကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်အမှန်မရေးဘဲ အုပ်ချုပ်ရေးမှူးအပါအဝင် ၃၀ ဦး၊ ငွေကြေးသိန်း ရာချီနှင့် ဆိုင်ကယ် ၂၀ စီးကို တပ်ပိုင်အဖြစ်သိမ်းဆည်းသွားတယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းကွဲအောင် အရှက်မဲ့စွာလိမ်ညာ ရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK