အမျိုးသား ကန်တော်ကြီးဉယျာဉ်(ပြင်ဦးလွင်)သို့ လည်ပတ်သူများ စည်ကားများပြားလျက်ရှိ

   မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်ကာလ ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ များပြားလျက်ရှိခဲ့ပြီး (၁၅)ကြိမ်မြောက် ပန်းပွဲတော်(Bloo ming Fantasy) ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဉယျာဉ် (ပြင်ဦးလွင်) တွင် ဖွင့်ပွဲနေ့၊ ဒီဇင်ဘာ ၁၈ ရက်မှ ယနေ့အထိ ပြည်တွင်း/ ပြည်ပမှ ခရီးသွားပြည်သူ ၁ သိန်း ၆ သောင်းကျော်လာရောက်ကြည့်ရှုလေ့လာ အပန်းဖြေခဲ့ပြီး ယနေ့အချိန်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရှိရသည်။