ဩဂုတ်လ ၂၄ ရက်မှာ တောင်ပြုံးပွဲကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမှာ တောင်ပြုံးပွဲတော်ကို ဩဂုတ်လ ၂၄ ရက်ကနေ ၃၁ ရက်အထိ ၈ ရက်ကြာ ကျင်းပသွားမယ့် သိရပါတယ်။

အခုနှစ် သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနဲ့ တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို အဲဒီရက်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။