အမျိုးသားချန်ပီယံ လက်ဝှေ့သမား ကို အမျိုးသမီးမစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်သူက စိန်ခေါ်

အမျိုးသားဝယ်လ်တာဝိတ်တန်း ချန်ပီယံဟောင်းဖြစ်သူ အမေရိကန်လက်ဝှေ့သမား ကိသ်သာမန်းကို အမျိုးသမီးမစ်ဒယ်ဝိတ်တန်း၏ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ချန်ပီယံဖြစ်သူ တစ်နိုင်ငံတည်းသား ကလာရက်ဆာရှီးလ်က စိန်ခေါ်ခဲ့ကြောင်း သိရသည်။

သာမန်းကလည်း စိန်ခေါ်မှုကို လက်ခံခဲ့သောကြောင့် ရှီးလ်က ယင်းပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုပင် စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တဲရန့်စ်ခရောဖို့ဒ်ကို အလဲထိုးဖြင့် အရေးနိမ့်ထားသည့် အာရိုးလ်စပန့်ဂျူနီယာမှ ကိသ်သာမန်းကို ပြိုင်ဘက်အဖြစ် မစဉ်းစားကြောင်း ပြောကြားသည့် Tweet အောက်တွင် ရှီးလ်နှင့် သာမန်း အပြန်အလှန်ပြောခဲ့ရာမှ ယခုအဖြစ် အပျက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ယင်း Tweet တွင် ရှီးလ်က သာမန်းနှင့် ထိုးသတ်လိုကြောင်း ရေးသားခဲ့ပြီး သာမန်းကလည်း ရှီးလ်ကို အလှူရန်ပုံငွေပွဲအတွက် စဉ်းစားမည်ဖြစ်ကြောင်းနှင့် အရွယ်အစားကြီးမားသည့် လက်အိတ်၊ ခေါင်းကာဝတ်ဆင်ခွင့်ပေးမည် ဟု တုံ့ပြန်ခဲ့သည်။ 

မိန်းကလေးတစ်ဦး ၏မျက်နှာကို လက်သီးဖြင့် မထိုးလို ကြောင်း ပြောကြားမှုကို ရှီးလ်က “ကိသ်၊ ရှင်က အလွန်ရယ်စရာကောင်းပါတယ်။ ဟုတ်ပါတယ်၊ ရှင်က အမျိုးသားဖြစ်ပြီး ချန်ပီယံတစ်ဦးပါ။ ဒါပေမဲ့ ရှင့်မှာ ကျွန်မကို လက်တစ်ဖက်တည်းနဲ့ထိုးဖို့ မလုံလောက်ဘူး။ ကျွန်မက ၀ိတ်တန်း ပေါင်(၁၆၀) လောက်ရှိလာလိမ့်မယ်။ အမှန်က ကျွန်မဟာ ခန္ဓာကိုယ်ပိုကြီးပြီး အရပ်လည်း ပိုရှည်ပါတယ်”ဟု ရှီးလ်က ဆိုခဲ့သည်။

crd; eleven