အစ္စရေးပြသနာမှာ ဝင်မပါဖို့အတွက် အီရန်ကို အမေရိကန် သတိပေး

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး Charles Q.Brown က “အစ္စရေးအရေးအခင်းမှာ အီရန်မပါဝင်ဖိုအတွက် ပြင်းပြင်းထန်ထန် မက်ဆေ့ချ်ပိုချင်ပါတယ်၊ ဒါကို အကျယ်ချဲ့ပြီးတော့လည်း မပြောချင်ဘူး၊ အီရန်က ဒီပြသနာကို ပိုပြီးကြီးထွားအောင်လုပ်ချင်နေတာပါ” လို ပြောဆိုခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟားမတ်စ်အဖွဲရဲ့ အစ္စရေးကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အီရန်ပါဝင်တယ်ဆိုတဲ့ သက်သေအထောက်အထားမရှိပေမယ့် အမေရိကန်က ကြိုတင်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။