အစ္စရေးနှင့် ပါလက်စတိုင်း တိုက်ခိုက်မှုများပိုမိုပြင်းထန်လာ

ပါလက်စတိုင်းစစ်သွေးကြွများက ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ မေလ ၁၀ ရက်တွင် ဒုံးကျည်ရာပေါင်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြီးတန်းစစ်သွေးကြွခေါင်းဆောင် ၃ ဦးနဲ့ အနည်းဆုံးပြည်သူ ၁၀ ဦးအပါ ပါလက်စတိုင်းလူမျိုး ၂၃ ဦး သေဆုံးခဲ့ကြောင်းသိရပါတယ်။

မေလ ၄ ရက် အစောပိုင်းကလည်း အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့အား ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံအနေနဲ့ အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ကြားဝင်စေ့စေပ်ပေးသော်လည်း မေလ ၁၀ ရက်နောက်ပိုင်းတွင် တိုက်ခိုက်မှုများပိုမိုပြင်းထန်လာသဖြင့် အီဂျစ်အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုဟာလည်း ရပ်တန့်ဖွယ်ရှိနေကြောင်းသိရပါတယ်။