မေလ ၁၂ ရက် ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)“မိုခါ(MOCHA)”သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်- အနောက်တောင်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဆက်စပ်အကြောင်းအရာများ
၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ဖွင့်လှစ်
- ပုည
- December 1, 2023
နိုဝင်ဘာလ ၃၀ရက်နေ့က ၁၁ကြိမ်မြောက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ပဒေသာကပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ Jinghong မြို့ ၌ ကျင်းပခဲ့ပါသည်။ […]
အနူကြီး အရူးဇာတ်သဘင်
- ပုည
- November 9, 2022
အနောက်အုပ်စုရဲ့ ပေးတာယူ ကျွေးတာစားပြီး ကနေတဲ့ အရူးဇာတ်အဖွဲ့
ဒီဇင်ဘာအားကစားလ စုပေါင်း လမ်းလျှောက်ပွဲများ ပြုလုပ်
- ပုည
- December 11, 2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ဒုတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပ ပြုလုပ်ခဲ့ကြတယ်။