အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် စတင်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် စတင်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို၊ ရွှေဘုံသာလမ်းနဲ့ ကုန် သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာမှာပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ဗီနေးကူးမားနဲ့ တာဝန်ရှိသူတွေ၊ ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှု ဆောင်ရွက်ခွင့်ပြုထားတဲ့ ဘဏ်တွေ ဖြစ်တဲ့ ပန်ဂျပ်နေရှင်နယ်လ်ဘဏ်၊ CB ဘဏ်နဲ့ UAB ဘဏ် တိုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ Special Rupee Vostro Account(SRVA)ကို အသုံးပြုကာ ငွေပေးချေမှု လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ပေးချေမှုတွေ စတင်နိုင်ပြီဖြစ်ပြီး အကျိုး ကျေးဇူးအနေနဲ့ ငွေပေးချေမှုတွေ အားကောင်းလာကာ တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မှာ ဖြစ်တယ် လို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

ကုန်သည်ကြီးတွေအနေနဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရူပီးနဲ့ လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းကတစ်ဆင့် တရားဝင်အသုံးပြုနိုင်မှာ ဖြစ်တယ်လို ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန် သွယ်ဘက်နိုင်ငံတွေမှာ ပါဝင်ပြီး မြန်မာနိုင်ငံကနေ စတုတ္ထမြောက် ပိုကုန်အများဆုံးတင်ပိုတဲ့ နိုင်ငံနဲ့ ဆဋ္ဌမမြောက် သွင်းကုန်အများဆုံး တင်ပိုတဲ့ နိုင်ငံဖြစ်တယ်လိုလည်း သိရပါတယ်။