အာရှအမျိုးသမီးယူ-၂၀ ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအား တာဝန်ပေးအပ်

လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၇ ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အာရှအမျိုးသမီး ယူ-၂၀ AFC U 20 Women’s Asian Cup Uzbekistan 2024 ပြိုင်ပွဲအတွက် မြန်မာ အမျိုးသမီး အကူဒိုင်လူကြီးဖြစ်သူ ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒေါ်ဝင့်ဝါထွန်း ဟာ ၂၀၁၇ ခုနှစ်မှာ အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဖီဖာအဆင့် အကူဒိုင်လူကြီး ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ (၃)ကြိမ်တိုမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ယခု ပြိုင်ပွဲက (၄)ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။

ဒေါ်ဝင့်ဝါထွန်း အနေနဲ့ Myanmar Women League ပြိုင်ပွဲနှင့် လူငယ်လိဂ်အမှတ်ပေးပြိုင်ပွဲများမှာလည်း အကူဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။