ပခုက္ကူသားတို့ သတင်းမှန်သိစေရန်

ယခုတလော ပခုက္ကူဘက်မှာ ကောလဟလသတင်းတွေတွေ့နေရပါတယ်။ ဘာလဲဆိုတော့ ပခုက္ကူလမ်းမကြီးတွေနဲ့ ပခုက္ကူတံတားကြီးကို မနက်ဖြန် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပိတ်မယ်ဆိုပြီးသတင်းတွေလွှင့်နေတာတွေ့ရပါတယ်။
လုံးဝမဟုတ်တဲ့ ဂျင်းသတင်းပါ။ ဘာတံတားမှလည်း မပိတ်သလို ဘာလမ်းမကြီးမှလည်း မပိတ်ပါဘူး။ ဝိသမလောဘသားစီးပွားရေးသမားတွေက ကုန်စည်တွေ ဈေးတက်အောင်ရယ် အကြမ်းဖက်သမားတွေက ပြည်သူတွေကြောက်လန့်အောင်လို့ရယ်သတင်းတွေလွှင့်နေခြင်း ဖြစ်ပါတယ်။
သတင်းအမှားတွေကိုကြားပြီး ပခုက္ကူမှာနေထိုင်နေကြတဲ့ ပြည်သူတွေစိတ်ပူနေမှာစိုးလို့ ဒီသတင်းမှန်ကို ဆက်သွယ်မေးမြန်းပြီးမှ တင်ပြခြင်းဖြစ်ပါတယ်။