မြန်မာနိုင်ငံအပေါ်ထားရှိသောလူ့အခွင့်အရေးယန္တရားများမှ ဖုံးကွယ်ထားသောအချက်များကို မြန်မာနိုင်ငံကထောက်ပြ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၁၂-၉-၂၀၂၂ ရက်နေ့မှ စ၍ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကထောက်ခံခြင်းမရှိသော နိုင်ငံတစ်ခုချင်းစီကို ဦးတည်သည့်အစီအစဉ်များပါဝင်ကြောင်းတွေ့ရှိနေရပါတယ်။ ဉရောပသမဂ္ဂနှင့် အစ္စာလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များက အပြန်အလှန်ဆွေးနွေးပွဲအများအပြားကို ဖန်တီးခဲ့ပြီး မြန်မာနိုင်ငံကို ဆက်လက်ရွေးချယ်ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား(IIMM) – တရားစွဲဆိုရေးအဖွဲ့မဟုတ်သည့် လူ့အခွင့်အရေးကောင်စီသည် (IIMM) ကဲ့သို့ ယန္တရားထူထောင်ရန် လုပ်ပိုင်ခွင့်မရှိဘဲ IIMM ကို ဖွဲ့စည်းသတ်မှတ်ခဲ့သည့်အပြင် ..

– IIMM မှ စုဆောင်းထားသည့် အချက်အလက်အပိုင်းအစ ၃ သန်းကို မည်သည့်အခါမှစီစစ်ခွင့်မရခြင်း

– အမေရိကန်အစိုးရက ထပ်မံပေးအပ်သော ရန်ပုံငွေကို ထပ်မံလက်ခံခြင်း

-ဝန်ထမ်းရွေးချယ်ခန့်ထားမှုများကို မည်သည့်အခါမျှ ထုတ်ပြန်မှုမပြုခြင်း

-အစီရင်ခံစာတင်သွင်းသူသည် ကိုယ်တိုင်ကိုယ်ကျ သိရှိခြင်းမရှိဘဲ၊ ဆန့်ကျင်ဘက်အရင်းအမြစ်များကိုသာ အလွယ်တကူရည်ညွန်းပြီး လုပ်ပိုင်ခွင့်များကို တလွဲသုံးလျက်ရှိနေခြင်း

-ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကျော်လွန်လျက် NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေး လူသိရှင်ကြားဆော်ဩနေခြင်း

-ကလေးသူငယ် ၈၈ ဦး အပါအဝင် လက်နက်မဲ့ ပြည်သူ ၃၈၀၀ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် NUG/PDFs အကြမ်းဖက်များ၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ခြင်း

-မျက်လုံးကိုအဝတ်ဖြင့်စည်းခံရသည့် အမျိုးသမီးဆရာမ (၂) ဦးက အသက်ကို ချမ်းသာပေးပါရန် တောင်းပန်နေသည့် ကြားမှ PDFs အကြမ်းဖက်သမားများမှ ငဲ့ညာမှုကင်းမဲ့စွာ သတ်ဖြတ်ခြင်းကို အထူးအစီရင်ခံစာတင်သွင်းသူက မျက်ကွယ်ပြုခဲ့ခြင်း

-၂၃-၈-၂၀၂၂ ရက်နေ့တွင် မန္တလေးမြို့ ၌ (၈) နှစ်အရွယ် သမီးငယ်ကို ကျောင်းပို့ပြီးပြန်လာသော မိဘနှစ်ဦးမှာလည်း PDFs အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှု့ကြောင့် သေဆုံးခဲ့ရခြင်း

-၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌  NUG အကြမ်းဖက်သမားများက လူပေါင်း(၂၀) ကျော်ကို ကြောက်မက်ဖွယ် သတ်ဖြတ်ခဲ့ခြင်းများအား

ကုလသမဂ္ဂလူ့ အခွင့်ရေးဆောင်ရွက်သူများက အထူးဖုံးကွယ်ထားသည့် အခြားသော အမှုပေါင်း ၃၈၀၀ အနက်မှ အနည်းငယ်သော ဖြစ်စဉ်များပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်း ၁၅ ခုနှင့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်း ၂၆ ခုလုံးလည်ပတ်လျက်ရှိရာ လူသားချင်း စာနာမှုအကူအညီများပေးအပ်ခွင့်ငြင်းပယ်ခံရကြောင်း စွပ်စွဲချက်မှာ ယုတ္တိမရှိကြောင်းတွေ့ရှိရပါတယ်။နေရပ်စွန့်ခွာသူများကို ပြန်လည်ခက်ခံရန်အသင့်ရှိသော်လည်း”ရိုဟင်ဂျာ”အသုံးအနှုန်းကို မြန်မာနိုင်ငံက မည်သည့်အခါမျှ အသိအမှတ်မပြုကြောင်းဖော်ပြထားပါတယ်။

IIMM ယန္တရားကို စတင်ထူထောင်စဉ်ကပင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်းမရှိခဲ့သလို လက်ရှိအချိန်ထိလည်း အသိအမှတ်မပြုကြောင်းထပ်လောင်းဖော်ပြအပ်တယ်လို့ ရေးသားထားပါတယ်။

 

CRD;MWD