အကြမ်းဖက် KNU/PDF များမှ ကတိုင်တိ အ.ထ.က ကျောင်းအား Drop Bomb ချတိုက်ခိုက်

ဇန်နဝါရီလ ၂၀ ရက်၊ နေ့လည် ၂ နာရီခွဲ အချိန်ခန့်က ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာရှိ အ.ထ.က ကျောင်းအား အကြမ်းဖက် KNU/PDF များမှ Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
အကြမ်းဖက် KNU/PDF များမှ ကတိုင်တိ အ.ထ.ကကျောင်းဝင်းအတွင်းသို့ drone ဖြင့် drop bomb(၂)လုံးကြဲချတိုက်ခဲ့ကြောင်း သိရှိရပြီး ကျောင်းသား/ကျောင်းသူ၊ဆရာ/ဆရာမ ထိခိုက်မှုမရှိပဲ အဆောက်အဦးမှမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက် KNU/PDF များမှ ကရင်ပြည်နယ်ရှိ ကရင်ကျောင်းများအား ဖွင့်လှစ်သင်ကြားလျက်ရှိသော်လည်း အစိုးရစာသင်ကျောင်းများကိုမူ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏ မတည့်မတ်သော အယူဝါဒစွဲကို ပြသလျက်ရှိကြောင်းသိရှိရပါတယ်။