TNLA/PDF အကြမ်းဖက်များက ပြင်ဦးလွင်မြို့ထဲသို့ ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်

ဧပြီလ ၁၄ ရက်နေ့ မနေ့က ညပိုင်းတွင် ပြင်ဦးလွင်မြို့အတွင်းသို့ TNLA/PDF အကြမ်းဖက်သောင်းကျန်း သူများမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနှင့်သံဃာအချို့ ထိခိုက်​သေဆုံးမှုများဖြစ်ပေါ်ခဲ့​ကြောင်းသိရှိရ-

  • အောင်မြေဇေယျာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်မှုကြောင့် ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူ၊ အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)။
  • ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ပေါ်သို့ ကျရောက်မှုကြောင့် အရပ်သား လူနာ ၆ ဦး ဒဏ်ရာရ(၁ ဦးစိုးရိမ်ရ ၅ ဦး မစိုးရိမ်ရ)။
  • Hotel တစ်ခုခြံစည်းရိုးအနီး ကျရောက်မှုကြောင့် ထိခိုက်မှုမရှိ။

ထိုသို့ TNLA/PDF သောင်းကျန်းသူများပစ်ခတ်မှုများအား တပ်မတော်နယ်မြေခံစစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရပါတယ်။ #Crd