ရွှေဘတို့ ရလိုက်တဲ့ KNLA ရဲ့ လက်နက်တိုက်

ဇူလိုင်လ ၂၈ ရက်နေ့က ရှားစေးဘိုစခန်း၏ အရှေ့မြောက်ဘက်တွင် အကြမ်းဖက် KNLA တမဟ (၂) ရင်း(၆)နှင့် အကြမ်းဖက် PDFများ ခိုအောင်းနေကြောင်း သတင်းရရှိသည့်အတွက် မိမိတို့ တပ်မတော်စစ်ကြောင်းများမှ သွားရောက်ချေမှုန်းရှင်းလင်းခဲ့ရာ မိနစ် ၄၀ခန့် တိုက်ပွဲဖြစ်ပွားပြီး KNLA+PDFများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ KNLA+PDFအဖွဲ့များကို မိမိတို့တပ်မတော်စစ်ကြောင်းများမှ ညအချိန်ထိပါ ထပ်ချပ်လိုက်လံ ချေမှုန်းတဲ့အတွက် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများ အခြေပြုနေတဲ့ စခန်းကိုတွေ့ရှိတဲ့အတွက် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်

တပ်မတော်စစ်ကြောင်းများရဲ့ ရဲရင့်ပြောင်မြောက်လှတဲ့ သတ္တိကြောင့် KNLA+PDFများ အခြေ​ပြုနေတဲ့ စခန်းကိုတိုက်ခိုက်နံနက် ၈နာရီ ၂၀ မိနစ်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်

ဖြစ်စဥ်တွင်

KNLA+PDF များ၏စခန်းကုန်းရှိ လက်နက်တိုက်မှ

FGC-9 MKII -၆၀ လက်
ကျည်အိမ် -၁၂၀ ခု
၁၂ ဗို့ကျည် -၉၉၂ တောင့်
၉မမကျည် -၂၇၀၈ တောင့် တို့အား သိမ်းပိုက်ရရှိခဲ့တယ်။